ခွင့်ပြန်များ နေပြည်တော်စာတင်ရန်နှင့် SafeMigration တွင်နာမည်စာရင်းပါလာမှ ပြန်ခွင့်ရမည်
ညွှန်ကြားရေးမှူးချုပ်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမား၀န်ကြီးဌာန
ရုံးအမှတ်၊ ၅၁၊ အလုပ်သမား၀န်ကြီးဌာန၊
နေပြည်တော် သို့
အောက်ပါ စာရွက်စာတမ်းများအား ပြင်ဆင်ပီးလျင်
လူကိုယ်တိုင် (သို့) agent မှတဆင့် သွားရောက်တင်ရမည်။
- DForm (ခေါ် ) ပြန်ခွင့်ပြုစာ
- နိုင်ငံကူးလက်မှတ် မိတ္တူ၊ ပထမ စာမျက်နှာနှင့် ရန်ကုန်လေဆိပ် အ၀င်တုံးထုထားသောစာမျက်နှာ
- သက်တမ်းရှိနေသည့်ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ရှေ့/နောက်မိတ္တူ၊
- ပြည်၀င်ခွင့် Visa မိတ္တူ ဆိုသည်မှာ ( ခွင့်ပြန်များအတွက် သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ် Spass,WorkPermit,EP ကဒ် မိတ္တူ)
- အလုပ်ရှင်၏ခွင့်စာ၊
- လေယာဥ်လက်မှတ် မိတ္တူ
တင်ထားပီးသည်နှင့် တပတ် (သို့) ၁၀ ရက်ကြာလျင် SafeMigration Telegram Channel https://t.me/dolmigration တွင် အောက်ပါ နာမည်စာရင်းတွင် မိမိနာမည်နဲ့ ပြန်ခွင့်ရသည့်ရက်စွဲပါသည်။
ပြန်ခွင့်ရသည့်ရက်စွဲသည် dform တွင် မိမိ ဖြည့်ခဲ့သော ပြန်မည့်ရက်/လေယာဥ်လက်မှတ် အပြန် ရက်စွဲအတိုင်းဖြစ်သည်။
SafeMigration ပြန်ခွင့်ရစာရင်းနမူနာ

Download Forms
အဆင့် တစ်ဆင့်စီအတွက် sample image ကြည့်နိုင်ပြီး Word / PDF ဒေါင်းလုပ်နိုင်ပါသည်
* Sample ကို နှိပ်ပါက နမူနာပုံ ကြည့်နိုင်သည်။ Word/PDF ကို ဒေါင်းလုပ်ဆွဲပြီး ဖြည့်နိုင်သည်။
